စီးပွားရေးပထဝီဝင်ဌာန၏နောက်ခံသမိုင်း
၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ်အဖြစ် မြှင့်တင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး စီးပွာရေး ပထဝီဝင်ဌာနအဖြစ်ထားရှိကာ စီးပွားရေးပထဝီဝင်ဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အား မူလအင်အား ပြောင်းလဲမှု မရှိဘဲ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ ပါသည်။
မျှော်မှန်းချက်
- စီးပွားရေးပထဝီဝင်ပညာရပ်ဖြင့် လှုမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ထိရောက်မှန်ကန်သော စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးရန်။
ရည်မှန်းချက်
- စီးပွားရေးပထဝီဝင်ဘာသာရပ်ဖြင့် ရူပဆိုင်ရာနှင့် လှုမှုစီးပွားရေးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် နယ်ပယ်အသီးသီးကို လွှမ်းခြုံစူးစမ်းလေ့လာကာ စိမ်းလန်းစိုပြေသာယာဖွံ့ဖြိုး တိုးတက်သော ကမ္ဘာ့ လူ့ဘောင် အဖွဲ့အစည်းကြီး ဖြစ်ထွန်းလာရေးအတွက် အထောက်အပံ့ ဖြစ်စေရန်။
ရည်ရွယ်ချက်
- ပထဝီဝင်နယ်ပယ်၏သဘောသဘာဝ၊ ပထဝီဝင်ဘာသာရပ်၏ ပညာရပ်ဆိုင်ရာစိန်ခေါ်မှုနှင့် ပထဝီဝင်နယ်ပယ်၏ ကြောင်းကျိုးဆီလျှော်သော အပြန်အလှန်ဆက်သွယ်မှုများကို တိကျ ရှင်းလင်းစွာ သိရှိစေရန်။
စီးပွားရေးပထဝီဝင်ဌာန၏ ဝန်ထမ်းအင်အား
၂၀၂၀-၂၀၂၁ ခုနှစ်ရှိ စီးပွားရေးပထဝီဝင်ဌာန၏ ဆရာ/ဆရာမများနှင့် ဝန်ထမ်း အင်အားကို ဇယား(၁)တွင် ဖော်ပြထားပါသည်။
| စဉ် | ရာထူး | ဝန်ထမ်းဦးရေ | မှတ်ချက် |
| ၁ | တွဲဖက်ပါမောက္ခ၊ဌာနမှူး | ၁ | |
| ၂ | လက်ထောက်ကထိက | ၃ | |
| ၃ | နည်းပြ | ၁ | |
| စုစုပေါင်း | ၅ |
သင်ရိုးညွှန်းတမ်း
| Semester | Year | Subject | Course |
| First Semester | 4th Year (RD Specialization) | Fundamentals of Geographic Information Systems | Elective Course |
| 1st Year Master(RD Specialization) | Geospatial Analysis | Foundation Course | |
| Second Semester | 1st Year | Introduction to Geography | Foundation Course |
| 3rd Year (RD Specialization) | Geopolitics and Geoeconomics | Elective Course |