စီမံခန့်ခွဲမှုပညာဌာန၏ နောက်ခံသမိုင်းကြောင်း

စီမံခန့်ခွဲမှုပညာဌာနသည် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း) မှ စစ်ကိုင်း သမဝါယမကောလိပ် သို အဆင့်မြှင့်တင်ခဲ့သည့် ၁၉၉၆ ခုနှစ် ကတည်းက စတင်တည်ရှိခဲ့ပြီး စီးပွားရေး စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် လက်မှတ်ရ သင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။ စစ်ကိုင်း သမဝါယမကောလိပ်မှ သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)အဖြစ် အဆင့်တိုးမြှင့်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် စီမံခန့်ခွဲမှုပညာဌာန အဖြစ် သီးခြား ဖွဲစည်းတည်ရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု စီးပွားရေးသိပ္ပံဘွဲ့၊ ၂၀၁၇ခုနှစ်တွင် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘွဲ့လွန်ဒီပလိုမာ နှင့် ၂၀၁၈ ခုနှစ်တွင် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စီမံခန့်ခွဲမှုပညာဌာနသည် နိုင်ငံတော် တည်ဆောက်ရေးတွင် အထောက် အကူဖြစ်စေမည့် စီပွားရေးစီမံခန့်ခွဲမှု နယ်ပယ်၏ စွမ်းဆောင်ရည် ပြည့်ဝသည့် ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲသူများ မွေးထုတ်ပေးနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်
  • အဖွဲ့အစည်း အားလုံးအတွက် စီမံခန့်ခွဲမှုနယ်ပယ်များတွင် အရည်အသွေးပြည့်ဝသည့် လူစွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရန်၊
  • လူအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မည့် စီးပွားရေးစွန့်ဦးတီထွင်သူများ နှင့် ကမ္ဘာ့ဈေးကွက် ဦးဆောင်သူများ မွေးထုတ်ပေးရန်။
ရည်ရွယ်ချက်
  • စီမံခန့်ခွဲမှုပညာ၏ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများ၊ အခြေခံသဘောတရားများကို နားလည်စေရန်၊
  • စီမံခန့်ခွဲမှု အခန်းကဏ္ဍ၏ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အနာဂတ် သက်မွေး လုပ်ငန်း ကျွမ်းကျင်သူများ ဖန်တီးပေးရန်၊
  • စီမံခန့်ခွဲမှုစွမ်းရည် ပြည့်ဝသည့် လူစွမ်းအား အရင်းအမြစ်များ အား ဖွံ့ဖြိုးတိုးတက် စေခြင်း၊ မွေးထုတ်ပေးခြင်းအားဖြင့် ပြည်သူ့ရေးရာ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် စနစ်တကျ စီမံခန့်ခွဲနိုင်စေရန်၊
  • ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် အဖွဲ့အစည်းအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်။
စီမံခန့်ခွဲမှုပညာဌာန ၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ

ဇယား(၁) တွင် စီမံခန့်ခွဲမှုပညာဌာန ၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ ကိုဖော်ပြထားပါ သည်-

စဉ်ရာထူးဝန်ထမ်းဦးရေမှတ်ချက်
ဖွဲ့စည်းပုံခန့်ထားလစ်လပ်
ပါမောက္ခ
တွဲဖက် ပါမောက္ခ
ကထိက၁၂
လက်ထောက်ကထိက၁၉၁၉
နည်းပြ
အကြီးတန်းစာရေး
အငယ်တန်းစာရေး
ဒုလ/ထ ကွန်ပြူတာလုပ်ဆောင်ရေးမှူး
ရုံးအကူ
စုစုပေါင်း၄၈၄၁
ပညာသင်နှစ် အလိုက် သင်ကြားသော ဘာသာရပ်များ
YearFirst SemesterSecond Semester
1st YearPrinciples of Business Studies
2nd YearPrinciples of MarketingPrinciples of ManagementMarketing ManagementInnovation and New Product DevelopmentEntrepreneurship and Small Business Management
3rd YearRetail ManagementOrganizational BehaviorOperations ManagementPricing StrategyBrand ManagementConsumer BehaviorFinancial Management
4th YearMarketing ResearchSales and Distribution ManagementHuman Resource ManagementService MarketingCustomer Relationship ManagementMarketing PlanningBusiness EthicsMarketing CommunicationsLeadership in OrganizationsStrategic Management
PGDRDAdvanced Marketing ManagementStrategic Sales ManagementMarketing EthicsDigital MarketingStrategic Customer Relationship ManagementNew Product Development StrategyIntegrated Marketing CommunicationRural Marketing
Master 1st YearMarketing Strategy & Policy PlanningAdvanced Service MarketingAdvanced Consumer BehaviorContemporary MarketingAdvanced Marketing ResearchLogistics and Supply Chain ManagementStrategic Brand Management
Master 2nd YearInternational Marketing StrategyStrategic Business MarketingStrategic Retail ManagementSocial MarketingThesis
ဘွဲ့ရကျောင်းသား၊ ကျောင်းသူ အရေအတွက်

ဇယား(၄) တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထိ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ အရေအတွက် ကို ဖော်ပြအပ်ပါသည်-

ပညာသင်နှစ်ဘွဲ့အမျိုးအစားဘွဲ့ရ ကျောင်းသား/ ကျောင်းသူ ဦးရေ
၂၀၁၇-၂၀၁၈B.BSc(MM)
စီးပွားရေးသိပ္ပံဘွဲ့ ( ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)
၁၃၈
PGDMM
ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ
၂၀၁၈-၂၀၁၉B.BSc(MM)
စီးပွားရေးသိပ္ပံဘွဲ့ ( ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)
၁၉၄
PGDMM
ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ
၂၀၁၉-၂၀၂၀B.BSc(MM)
စီးပွားရေးသိပ္ပံဘွဲ့ ( ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)
၂၁
PGDMM
ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ
MMM
ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့
စုစုပေါင်း၃၆၃