အင်္ဂလိပ်စာဌာန၏နောက်ခံသမိုင်းကြောင်း
အင်္ဂလိပ်စာဌာနသည် (၁၉၉၆) ခုနှစ်၊ သမဝါယမကောလိပ်(စစ်ကိုင်း)အဖြစ် တည်ထောင်ခဲ့စဉ်က အင်္ဂလိပ်စာ နှင့် မြန်မာစာ ပူးပေါင်းပြီး ဘာသာစကားဌာန အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၂) ခုနှစ်၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အဆင့်မြှင့်တင်ရာတွင် အင်္ဂလိပ်စာဌာန အဖြစ်သီးခြား ဖွဲ့စည်းပုံ ရှိခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အင်္ဂလိပ်စာဌာနသည် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင် ရေးစီမံခန့်ခွဲမှုပညာ နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုကျောင်းသား/ကျောင်းသူများကို စီးပွားရေး လုပ်ငန်း သုံး အင်္ဂလိပ်စာဘာသာရပ်အား အထောက်အကူပြု ဘာသာရပ်အဖြစ် သင်ကြားပို့ချလျှက်ရှိပါသည်။
မျှော်မှန်းချက်
- သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ ကို လက်တွေ့အသုံးချနိုင်စေရန်။
ရည်မှန်းချက်
- စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်ကြားရာတွင် လက်တွေ့ကျသော သင်ကြားမှု နည်းလမ်းများဖြင့် ကျောင်းသား၊ကျောင်းသူများအား လေ့ကျင့် သင်ကြားပေးရန်။
- စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လေ့ကျင့်သင်ကြားပေးရန်။
- လက်တွေ့လုပ်ငန်းနယ်ပယ်တွင် စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရာတွင် အရေးအသား စွမ်းရည်၊ နားထောင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်နှင့် စာဖတ်စွမ်းရည်များ တိုးတက် လာစေရေး လေ့ကျင့်သင်ကြားပေးရန်။
အင်္ဂလိပ်စာဌာန၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ
၂၀၂၀-၂၀၂၁ ခုနှစ်ရှိ အင်္ဂလိပ်စာဌာန၏ ဆရာ/မများနှင့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့် လက်ရှိ အရေအတွက်ကို အောက်ပါအတိုင်းဖော်ပြထားပါသည်။
| စဉ် | ရာထူး | ဝန်ထမ်းအင်အားဉီးရေ | မှတ်ချက် | |||
| ဖွဲ့စည်းပုံ | လက်ရှိ | ပို | လို | |||
| ၁ | ပါမောက္ခ | ၁ | ၁ | – | – | |
| ၂ | တွဲဖက်ပါမောက္ခ | ၂ | – | – | ၂ | |
| ၃ | ကထိက | ၁၂ | ၁ | – | ၁၁ | |
| ၄ | လ/ထကထိက | ၁၇ | ၃ | – | ၁၄ | |
| ၅ | နည်းပြ | ၅ | – | – | ၅ | |
| ၆ | အကြီးတန်းစာရေး | ၁ | – | – | ၁ | |
| ၇ | အငယ်တန်းစာရေး | ၁ | – | – | ၁ | |
| ၈ | ဒု-လ/ထ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး | ၁ | – | – | ၁ | |
| ၉ | ရုံးအကူ | ၁ | – | – | ၁ | |
| စုစုပေါင်း | ၄၁ | ၅ | – | ၃၆ | ||
သင်ရိုးညွှန်းတမ်း
| စဉ် | သင်တန်းနှစ် | Module No. | Module Name |
| ၁ | ပထမနှစ် | CBE 1001 | Business English |
| ၂ | ဒုတိယနှစ် | CBE 2001 | Business English |
| ၃ | တတိယနှစ် | CBE 3001 | Business English |
| ၄ | ဘွဲ့လွန်ဒီပလိုမာတန်း(PGD) | CBE 5001 | English for Business Communication |