သမဝါယမပညာဌာန၏နောက်ခံသမိုင်းကြောင်း

သမဝါယမပညာဌာနသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ဘွဲ့ဒီဂရီများ အပ်နှင်းနေသည့် မေဂျာဌာနကြီး (၅)ဌာနအနက် တစ်ဌာနဖြစ်ပါသည်။ သမဝါယမ ပညာဌာနသည် လူ့အဖွဲ့အစည်းမှ လိုအပ်သော လူငယ်စွန့်ဉီးတီထွင်သူများနှင့် ပညာရေး စွမ်းဆောင်ရှင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ သမဝါယမပညာဌာနသည် လူမှုစွန့်ဉီး တီထွင်မှု၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု၊ လူမှုရေးသိပ္ပံနှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု၊ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာနည်းလမ်းများစသည့် လူမှုစီးပွားရေး ဆိုင်ရာ ပညာရပ်နယ်ပယ်များကို သင်ကြားပို့ချ လျက်ရှိပါသည်။ယခုအချိန်အထိ B.BSc (SEM) ဘွဲ့ရ (၂၁၁) ဉီး၊ PGDSEM ဘွဲ့ရ (၅၇) ဦးနှင့် မဟာဘွဲ့ရ(၃၄)ဉီးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် သမဝါယမပညာဌာနသည် လူ့စွမ်းအားအရင်းအမြစ် သင်တန်းတစ်ခုဖြစ်သည့် စွန့်ဦးတီထွင်မှုနှင့် အသေးစားစီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ဒီပလိုမာသင်တန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ် ရေးဆွဲလျက်ရှိပါသည်။

မျှော်မှန်းချက်
  • ကျယ်ပြောလှသော လူမှုစီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ်ဖွံ့ ဖြိုး တိုးတက်မှုရှိသည့် ဝန်းကျင်အဖြစ် ဆောင်ရွက်နိုင်သည့် ကောင်းမွန်ထူးချွန်သော ကျောင်းသား/ သူများ မွေးထုတ်ပေးရန်။
ရည်မှန်းချက်
  • တိုးတက်ပြောင်းလဲနေသော လူမှုအဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သော ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ မွေးထုတ် ပေးရန်၊
  • စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့် အခြေအနေများကို မဟာဗျူဟာမြောက်အတွေး အခေါ်ကောင်းများနှင့် လက်တွေ့ကျကျဖြေရှင်းနိုင်သော လူမှုစွန့်ဉီးတီထွင်သူများ မွေးထုတ်ပေးရန်၊
  • လူမှုစီးပွားရေးလုပ်ငန်းများတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်သည့် လူမှုရေး စိတ်ဓာတ်ပြည့်ဝသော လူငယ်များ မွေးထုတ်ပေးရန်၊
  • လူမှုစီးပွားရေး ပတ်ဝန်းကျင်မှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အရည်အချင်း ပြည့်ဝသူများ လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးရန်။
ပညာရေးဆိုင်ရာရည်ရွယ်ချက်
  • လူမှုစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ပါဝင်ဆောင်ရွက်နိုင်သည့် လူမှုစွန့်ဉီးတီထွင်သူများနှင့် စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်များ မွေးထုတ်ပေးရန်ဖြစ်သည်။
သမဝါယမပညာဌာန၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ

ဇယား(၁)တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ရှိ သမဝါယမပညာဌာန၏ ဆရာ/မများနှင့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံနှင့်လက်ရှိအရေအတွက်ကို ဖော်ပြထားပါသည်။

စဉ်ရာထူးဝန်ထမ်းအင်အားဉီးရေမှတ်ချက်
ဖွဲ့စည်းပုံလက်ရှိပိုလို
ပါမောက္ခ
တွဲဖက်ပါမောက္ခ
ကထိက၁၂၁၀
လ/ထကထိက၁၉၁၆
5နည်းပြ725
အကြီးတန်းစာရေး
အငယ်တန်းစာရေး
ဒု-လ/ထ ကွန်ပျူတာလုပ်ဆောင်ရေးမှူး
ရုံးအကူ
စုစုပေါင်း၄၈၁၂၃၆
ပညာသင်နှစ်အလိုက် သင်ကြားသောဘာသာရပ်များ
YearFirst SemesterSecond Semester
1st Year1. Fundamentals of Social Enterprises
2nd Year1. SMEs and Microfinance2. Social Enterprise CreationEntrepreneurship3. Social Business Model in Developing Countries
3rd YearHumanity and Social ScienceSocial InnovationMarketing For Co-operatives and Social EnterprisesSocial EntrepreneurshipSocial Enterprise DevelopmentCo-operative Thought
4th YearHuman Resources Management for Public and Non-profit OrganizationsTotal Quality Management of Social EnterprisesCo-operation, Ethics and DevelopmentFinancing of Social EnterprisesSocial Enterprise Management ISocial Responsibility in Social EnterprisesEnvironmental Science and CooperationCorporate Innovation
PGDASSocial Enterprise Management IICommunity Organization and Social ActionSocial Economy and Social EntrepreneurshipInternational EconomicsProject Management in Social EnterprisesEnvironmental Management for Sustainable DevelopmentChange Management in Social EnterprisesSocial Innovation and Organizational Diversity
MSEM IBusiness EthicsInternational FinanceCharity Trading and Social EnterprisesSocial Capital and Economic DevelopmentStrategic ManagementManaging and Organizing the Social Enterprises
MSEM IIGovernance and Management of Human ResourcesSocial Protection in a Global EconomyEnvironmental and Natural Resource ManagementSocial Enterprise and Public PolicyConducting Thesis
ဘွဲ့ရကျောင်းသား/သူအရေအတွက်

ဇယား(၃)တွင် ၂၀၁၇-၂၀၁၈ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ပညာသင်နှစ်အထိ သမဝါယမပညာဌာန၏ ဘွဲ့ရရှိခဲ့သော ကျောင်းသား/သူ အရေအတွက်ကို ဖော်ပြထားပါ သည်။

အမှတ်စဉ်ဘွဲ့အမျိုးအစားပညာသင်နှစ်ဘွဲ့ရကျောင်းသား အရေအတွက်
B.BSc(SEM) လူမှုစီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့၂၀၁၇-၂၀၁၈
၂၀၁၈-၂၀၁၉
၂၀၁၉-၂၀၂၀
၇၃
၁၂၆
၁၂
(PGDSEM) လူမှုစီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ၂၀၁၅-၂၀၁၆
၂၀၁၆-၂၀၁၇
၂၀၁၈-၂၀၁၉
၂၃

(MSEM) လူမှုစီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့၂၀၁၇-၂၀၁၈
၂၀၁၈-၂၀၁၉
၁၇
၁၇