မြန်မာစာဌာန၏နောက်ခံသမိုင်း
၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ်အဖြစ် မြှင့်တင် ဖွင့်လှစ်ခဲ့ပြီး မြန်မာစာဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် သမဝါယမ တက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာစာဌာနကို သီးသန့်ထား ရှိပြီး မြန်မာစာဘာသာရပ်များကို ဆက်လက်သင်ကြားခဲ့ပါသည်။
မျှော်မှန်းချက်
- ကျောင်းသား၊ကျောင်းသူများအတွက် မိမိတို့၏အမျိုးဘာသာစကားနှင့် စာပေထိန်းသိမ်းရေး၊ တည်တံ့ခိုင်မြဲရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ လုပ်ငန်းခွင်တွင်မြန်မာစာကို မှန်မှန် ကန်ကန်တိတိကျကျ သုံးနှုန်းရေးသားခြင်းဖြင့် လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့ရေးတို့ကို လက်တွေ့အကျိုးပြုစေရန်။
ရည်မှန်းချက်
- မြန်မာစာကို သဒ္ဒါအသုံးအနှုန်းနှင့်စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာရေးသားတတ်စေရန်။
- ဝေါဟာရများကို သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရန်။
- ရုံးလုပ်ငန်းများတွင် ရုံးသုံးစာများကို ကျွမ်းကျင်ပိုင်နိုင်စွာရေးသားတတ်စေရန်။
ရည်ရွယ်ချက်
- မိမိအမျိုးအနွယ်ကို ချစ်မြတ်နိုးစိတ်ထားရှိတတ်စေရန်။
- မိမိအမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် လူသားတိုင်း၏ တာဝန်သာဖြစ်ကြောင်း သိရှိစေရန်။
- မြန်မာတစ်မျိုးသားလုံး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန်။
- ယဉ်ကျေးမှုအသစ်များကို တီထွင်ဖန်တီးရာတွင်လည်း မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာလူမျိုးများ နှင့်ကိုက်ညီသော ယဉ်ကျေးမှုကို တီထွင်ရန်။
- မြန်မာစာ၊မြန်မာဘာသာစကားကို ချစ်မြတ်နိုးတတ်စေရန်။
- အမျိုးဘာသာ၊သာသနာမပျောက်ပျက်စေရန်နှင့် လူမှုရေးစိတ်ဓာတ်ပြည့်ဝသော အနာဂတ်မျိုး ဆက်သစ်များ မွေးထုတ်ပေးရန်။
- လုပ်ငန်းခွင်တွင် မြန်မာစာကို မှန်မှန်ကန်ကန်တိတိကျကျ သုံးနှုန်းရေးသားခြင်းဖြင့် လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်။
မြန်မာဌာန၏ဝန်ထမ်းအင်အားဖွဲ့စည်းပုံ
ဇယား(၁)တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ရှိ မြန်မာစာဌာန၏ ဆရာ၊ဆရာမ ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို ဖော်ပြထားပါသည်။
| စဉ် | ရာထူး | ဝန်ထမ်းဦးရေ | မှတ်ချက် | |||
| ဖွဲ့စည်းပုံ | လက်ရှိ | ပို | လို | |||
| ၁ | ပါမောက္ခ | ၁ | – | – | ၁ | |
| ၂ | တွဲဖက်ပါမောက္ခ | ၂ | ၁ | – | ၁ | |
| ၃ | ကထိက | ၅ | ၄ | – | ၁ | သမဝါယမကောလိပ် (မန္တလေး)သို့ တွဲဖက် |
| ၄ | လက်ထောက်ကထိက | ၁၀ | ၅ | – | ၅ | |
| ၆ | နည်းပြ | ၅ | – | – | ၅ | |
သင်ရိုးညွှန်းတမ်း
ဇယား(၂) သင်ရိုးညွှန်းတမ်း
| ပညာသင်နှစ် | ပထမနှစ်ဝက် | ဒုတိယနှစ်ဝက် |
| ပထမနှစ် | မြန်မာစကားပြေရွေးချယ်ချက် | မြန်မာစကားပြေရွေးချယ်ချက် |
| မြန်မာကဗျာရွေးချယ်ချက် | မြန်မာကဗျာရွေးချယ်ချက် | |
| မြန်မာစာ ၊ မြန်မာစကား | မြန်မာသဒ္ဒါ | |
| လုပ်ငန်းသုံးမြန်မာစာ | မြန်မာအဘိဓာန်အကျဉ်းချုပ် | |
| အနှစ်ချုပ် | ဘာသာပြန် | |
| စာစီစာကုံး | လုပ်ငန်းသုံးမြန်မာစာနှင့် မြန်မာ့ရေးရာဘာသာရပ် |