အင်္ဂလိပ်စာဌာန၏နောက်ခံသမိုင်းကြောင်း

အင်္ဂလိပ်စာဌာနသည် (၁၉၉၆) ခုနှစ်၊ သမဝါယမကောလိပ်(စစ်ကိုင်း)အဖြစ် တည်ထောင်ခဲ့စဉ်က အင်္ဂလိပ်စာ နှင့် မြန်မာစာ ပူးပေါင်းပြီး ဘာသာစကားဌာန အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၂) ခုနှစ်၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အဆင့်မြှင့်တင်ရာတွင် အင်္ဂလိပ်စာဌာန အဖြစ်သီးခြား ဖွဲ့စည်းပုံ ရှိခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အင်္ဂလိပ်စာဌာနသည် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင် ရေးစီမံခန့်ခွဲမှုပညာ နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုကျောင်းသား/ကျောင်းသူများကို စီးပွားရေး လုပ်ငန်း သုံး အင်္ဂလိပ်စာဘာသာရပ်အား အထောက်အကူပြု ဘာသာရပ်အဖြစ် သင်ကြားပို့ချလျှက်ရှိပါသည်။

မျှော်မှန်းချက်
  • သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ ကို လက်တွေ့အသုံးချနိုင်စေရန်။
ရည်မှန်းချက်
  • စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်ကြားရာတွင် လက်တွေ့ကျသော သင်ကြားမှု နည်းလမ်းများဖြင့် ကျောင်းသား၊ကျောင်းသူများအား လေ့ကျင့် သင်ကြားပေးရန်။
  • စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လေ့ကျင့်သင်ကြားပေးရန်။
  • လက်တွေ့လုပ်ငန်းနယ်ပယ်တွင် စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရာတွင် အရေးအသား စွမ်းရည်၊ နားထောင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်နှင့် စာဖတ်စွမ်းရည်များ တိုးတက် လာစေရေး လေ့ကျင့်သင်ကြားပေးရန်။
အင်္ဂလိပ်စာဌာန၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ

၂၀၂၀-၂၀၂၁ ခုနှစ်ရှိ အင်္ဂလိပ်စာဌာန၏ ဆရာ/မများနှင့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့် လက်ရှိ အရေအတွက်ကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

စဉ်ရာထူးဝန်ထမ်းအင်အားဉီးရေမှတ်ချက်
ဖွဲ့စည်းပုံလက်ရှိပိုလို
ပါမောက္ခ
တွဲဖက်ပါမောက္ခ
ကထိက၁၂၁၁
လ/ထကထိက၁၇၁၄
နည်းပြ
အကြီးတန်းစာရေး
အငယ်တန်းစာရေး
ဒု-လ/ထ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး
ရုံးအကူ
စုစုပေါင်း၄၁၃၆
သင်ရိုးညွှန်းတမ်း
စဉ်သင်တန်းနှစ်Module No.Module Name
ပထမနှစ်CBE 1001Business English
ဒုတိယနှစ်CBE 2001Business English
တတိယနှစ်CBE 3001Business English
ဘွဲ့လွန်ဒီပလိုမာတန်း(PGD)CBE 5001English for Business Communication