မြန်မာစာဌာန၏နောက်ခံသမိုင်း

၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ်အဖြစ် မြှင့်တင် ဖွင့်လှစ်ခဲ့ပြီး မြန်မာစာဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် သမဝါယမ တက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာစာဌာနကို သီးသန့်ထား ရှိပြီး မြန်မာစာဘာသာရပ်များကို ဆက်လက်သင်ကြားခဲ့ပါသည်။

မျှော်မှန်းချက်
  • ကျောင်းသား၊ကျောင်းသူများအတွက် မိမိတို့၏အမျိုးဘာသာစကားနှင့် စာပေထိန်းသိမ်းရေး၊ တည်တံ့ခိုင်မြဲရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ လုပ်ငန်းခွင်တွင်မြန်မာစာကို မှန်မှန် ကန်ကန်တိတိကျကျ သုံးနှုန်းရေးသားခြင်းဖြင့် လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့ရေးတို့ကို လက်တွေ့အကျိုးပြုစေရန်။
ရည်မှန်းချက်
  • မြန်မာစာကို သဒ္ဒါအသုံးအနှုန်းနှင့်စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာရေးသားတတ်စေရန်။
  • ဝေါဟာရများကို သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရန်။
  • ရုံးလုပ်ငန်းများတွင် ရုံးသုံးစာများကို ကျွမ်းကျင်ပိုင်နိုင်စွာရေးသားတတ်စေရန်။
ရည်ရွယ်ချက်
  • မိမိအမျိုးအနွယ်ကို ချစ်မြတ်နိုးစိတ်ထားရှိတတ်စေရန်။
  • မိမိအမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် လူသားတိုင်း၏ တာဝန်သာဖြစ်ကြောင်း သိရှိစေရန်။
  • မြန်မာတစ်မျိုးသားလုံး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန်။
  • ယဉ်ကျေးမှုအသစ်များကို တီထွင်ဖန်တီးရာတွင်လည်း မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာလူမျိုးများ နှင့်ကိုက်ညီသော ယဉ်ကျေးမှုကို တီထွင်ရန်။
  • မြန်မာစာ၊မြန်မာဘာသာစကားကို ချစ်မြတ်နိုးတတ်စေရန်။
  • အမျိုးဘာသာ၊သာသနာမပျောက်ပျက်စေရန်နှင့် လူမှုရေးစိတ်ဓာတ်ပြည့်ဝသော အနာဂတ်မျိုး ဆက်သစ်များ မွေးထုတ်ပေးရန်။
  • လုပ်ငန်းခွင်တွင် မြန်မာစာကို မှန်မှန်ကန်ကန်တိတိကျကျ သုံးနှုန်းရေးသားခြင်းဖြင့် လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်။
မြန်မာဌာန၏ဝန်ထမ်းအင်အားဖွဲ့စည်းပုံ

ဇယား(၁)တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ရှိ မြန်မာစာဌာန၏ ဆရာ၊ဆရာမ ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို ဖော်ပြထားပါသည်။

စဉ်ရာထူးဝန်ထမ်းဦးရေမှတ်ချက်
ဖွဲ့စည်းပုံလက်ရှိပိုလို
ပါမောက္ခ
တွဲဖက်ပါမောက္ခ
ကထိကသမဝါယမကောလိပ် (မန္တလေး)သို့ တွဲဖက်
လက်ထောက်ကထိက၁၀
နည်းပြ
သင်ရိုးညွှန်းတမ်း
ဇယား(၂) သင်ရိုးညွှန်းတမ်း
ပညာသင်နှစ်ပထမနှစ်ဝက်ဒုတိယနှစ်ဝက်
ပထမနှစ်မြန်မာစကားပြေရွေးချယ်ချက်မြန်မာစကားပြေရွေးချယ်ချက်
မြန်မာကဗျာရွေးချယ်ချက်မြန်မာကဗျာရွေးချယ်ချက်
မြန်မာစာ ၊ မြန်မာစကားမြန်မာသဒ္ဒါ
လုပ်ငန်းသုံးမြန်မာစာမြန်မာအဘိဓာန်အကျဉ်းချုပ်
အနှစ်ချုပ်ဘာသာပြန်
စာစီစာကုံးလုပ်ငန်းသုံးမြန်မာစာနှင့် မြန်မာ့ရေးရာဘာသာရပ်