စာရင်းအင်းပညာဌာန၏နောက်ခံသမိုင်းကြောင်း
၁၉၉၆ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ် အဖြစ် မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး စာရင်းအင်းပညာဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ စာရင်းအင်းပညာ ဌာနကို သီးသန့်ထားရှိပြီး စာရင်းအင်းပညာဘာသာရပ်များကို ဆက်လက် သင်ကြားခဲ့ပါသည်။ စာရင်းအင်းပညာဌာနသည် စာရင်းအင်းပညာရှင်များကို မွေးထုတ်ပေးရုံသာမက နိုင်ငံတော်အစိုးရ နှင့် လူ့ဘောင်အဖွဲ့အစည်း အကျိုးကို ထမ်းဆောင်နိုင်၍ တာဝန်ယူနိုင်သော ပညာရှင်များကိုလည်း မွေးထုတ်ပေးလျှက်ရှိပါသည်။
မျှော်မှန်းချက်
- စာရင်းအင်းပညာရပ်၏ နည်းလမ်းများကို နယ်ပယ်စုံတွင် ချိတ်ဆက်အသုံးချ၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးရန်
ရည်မှန်းချက်
- အသုံးချစာရင်းအင်းပညာရပ်ကို လေ့လာခြင်းဖြင့် သတင်းအချက်အလက် နည်းပညာရပ် ကို တပြိုင်တည်းရရှိနိုင်၍ အမြဲရှင်သန်နေသော ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံသည့် ပညာရေးဝန်းကျင်ကို အချိန်နှင့်တပြေးညီ ဖန်တီးရန်
- နိုင်ငံတော်နှင့်မိမိတက္ကသိုလ်မှ ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းသာမက အခြားလိုအပ်သောကဏ္ဍများတွင် ပညာရပ်၏ အသုံးဝင်စွမ်းဆောင်နိုင်မှုကို မြှင့်တင်ဆောင်ရွက်ရန်
ရည်ရွယ်ချက်
- လူတို့၏နေ့စဉ်ဘဝတွင် စာရင်းအင်းပညာရပ်၏ သဘောသဘာဝကို ကျွမ်းကျင် တတ်မြောက်၍ အသိပညာများ ဖြန့်ဝေပေးနိုင်ပြီး ခြုံငုံအသုံးပြုနိုင်စွမ်းကို မြှင့်တင် ပေးရန်
- လူ့ဘောင်အဖွဲ့အစည်းအတွင်းတွင် မှန်ကန်၍ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်ရာ၌ စာရင်းအင်းပညာရပ်များ၏ ကျယ်ပြန့်စွာဖြန့်ဝေအသုံးပြုခြင်းကို မြှင့်တင်ရန်
- ကျွမ်းကျင်စွာတတ်မြောက်သော စာရင်းအင်းပညာရှင်များ ဖြစ်စေသော သင်ကြား သင်ယူမှု အစီအစဉ်များကို စဉ်ဆက်မပြတ်တိုးမြှင့်ဆောင်ရွက်ရန်
စာရင်းအင်းပညာဌာန၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ
ဇယား(၁)တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ရှိ စာရင်းအင်းပညာဌာန၏ ဆရာ/မများနှင့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံနှင့်လက်ရှိအရေအတွက်ကို ဖော်ပြထားပါသည်။
| စဉ် | ရာထူး | ဝန်ထမ်းအင်အားဉီးရေ | မှတ်ချက် | |||
| ဖွဲ့စည်းပုံ | လက်ရှိ | ပို | လို | |||
| ၁ | ပါမောက္ခ | ၂ | ၁ | – | ၁ | |
| ၂ | တွဲဖက်ပါမောက္ခ | ၄ | ၃ | – | ၁ | |
| ၃ | ကထိက | ၁၂ | ၂ | – | ၁၀ | |
| ၄ | လ/ထကထိက | ၁၉ | ၃ | – | ၁၆ | |
| ၅ | နည်းပြ | ၇ | ၁ | – | ၆ | |
| ၆ | အကြီးတန်းစာရေး | ၁ | – | ၁ | ||
| ၇ | အငယ်တန်းစာရေး | ၁ | ၁ | – | – | |
| ၈ | ဒု-လ/ထ ကွန်ပျူတာလုပ်ဆောင်ရေးမှူး | ၁ | – | – | ၁ | |
| ၉ | ရုံးအကူ | ၁ | – | – | ၁ | |
| စုစုပေါင်း | ၄၈ | ၁၁ | – | ၃၇ | ||
ပညာသင်နှစ်အလိုက် သင်ကြားသောဘာသာရပ်များ
| Year | First Semester | Second Semester |
| 1st Year | 1. Basic Statistics | – |
| 2nd Year | 1. Statistical Theory2. Applied Statistics I3. Social Statistics4. Business Statistics | 1. Sample Survey Methodology I2. Applied Statistics II3. Vital Statistics |
| 3rd Year | 1. Analysis Qualitative Data2. Regression Analysis3. Agricultural Statistics | 1. Design and Analysis of Experiment2. Statistical Demography I3. Sample Survey Methodology II |
| 4th Year | 1. Research Methodology2. Statistical Inference3. Economic Statistics4. Time Series Analysis5. National Account Statistics | 1. Applied Econometrics2. Statistical Demography II3. Financial and Insurance Statistics4. Trade Statistics |
| PGDAS | 1. Probability Theory2. Advanced Regression Analysis3. Research Methodology and Statistical Analysis4. Economic and Social Statistics | 1. Introduction to Stochastic Process2. Population Analysis3. Nonparametric Statistics |
| Master 1st Year | 1. Advanced Economic and Social Statistics2. Probability and Distribution Theory3. Advanced Sample Survey Methodology | 1. Environmental Informative2. Stochastic Processes3. Population Economics |
| Master 2nd Year | 1. Econometrics2. Multivariate Analysis3. Time Series and Forecasting4. Qualitative and Quantitative Research Methods |
ဘွဲ့ရကျောင်းသား/သူအရေအတွက်
ဇယား(၃)တွင် ၂၀၁၇-၂၀၁၈ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ပညာသင်နှစ်အထိ အသုံးချ စာရင်းအင်းပညာဌာန၏ ဘွဲ့ရရှိခဲ့သော ကျောင်းသား/သူ အရေအတွက်ကို ဖော်ပြထားပါသည်။
| အမှတ်စဉ် | ဘွဲ့အမျိုးအစား | ပညာသင်နှစ် | ဘွဲ့ရကျောင်းသားအရေအတွက် |
| ၁ | Bachelor of Business Science Applied Statistics (B.BSc Applied Statistics) အသုံးချစာရင်းအင်းပညာဘွဲ့ | 2017-2018 2018-2019 2019-2020 | 88 196 13 |
| ၂ | Post Graduate Diploma in Applied Statistics (PGDAS) အသုံးချစာရင်းအင်းပညာဘွဲ့လွန်ဒီပလိုမာ | 2018-2019 | 2 |
| ၃ | Master of Applied Statistics (MAS) အသုံးချစာရင်းအင်းပညာမဟာဘွဲ့ | 2018-2019 2019-2020 | 9 6 |






















