ဘောဂဗေဒဌာန၏ နောက်ခံသမိုင်းကြောင်း
၁၉၉၆ ခုနှစ်၊ စစ်ကိုင်း သမဝါယမဒေသကောလိပ် စတင်တည်ထောင်စဉ် ကတည်းက ဘောဂဗေဒဌာနကို ဖွဲ့စည်းထားရှိခဲ့ပါသည်။ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် အဓိက မေဂျာဌာနတစ်ခုလည်း ဖြစ်ပါသည်။ ဘောဂဗေဒဌာနသည် သုတေသနဆောင်ရွက်ချက်များကို အားပေးခြင်းနှင့် လူမှုစီးပွားရေးနယ်ပယ်တွင် အရည် အသွေးပြည့်ဝသော လူစွမ်းအားအရင်းအမြစ်များကို အောင်မြင်စွာ မွေးထုတ်ပေးနေသော ပညာရေးအစီအစဉ်များ နှင့် သုတေသနများပြုလုပ်ရာ ဌာနတစ်ခု ဖြစ်ပါသည်။
ဘောဂဗေဒ ဌာနသည် B.BSc (Regional Development) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ) နှင့် Master of Regional Development (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာမဟာ ဘွဲ့)ရရှိသူများကို မွေးထုတ်ပေးပါသည်။ ဘွဲ့ရ ကျောင်းသား/ကျောင်းသူ များအနေဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှု နယ်ပယ် နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်သော အခွင့်အလမ်းများကို ရရှိ စေရန် ဘောဂဗေဒဌာနရှိ ဆရာ/ဆရာမများသည် နိုင်ငံတကာကုန်သွယ်မှု၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာများ၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပရိုဂျက်စီစစ်ခြင်း စသော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။
ရည်ရွယ်ချက်
- စီးပွားရေးပညာရပ်တွင် အလားအလာရှိပြီး ကျွမ်းကျင်ထက်မြက်သော ကျောင်းသူ၊ ကေျာင်းသားများကို ပြုစုပျိုးထောင်ရန်၊ စီးပွားရေးသီအိုရီနှင့် လက်တွေ့စီးပွားရေး အခြေ အနေများကို ဆန်းစစ်ဝေဖန်မှုဖွံ့ဖြိုးလာစေရန်နှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ သုတေသန အရည်အသွေးများကို ဖော်ထုတ်ရန် ဖြစ်ပါသည်။
မျှော်မှန်းချက်
- စီးပွားရေးပညာတွင် အရည်အသွေးပြည့်ဝသော သင်ကြားမှုနှင့် သုတေသနပြုနိုင် သော အဓိကဌာနတစ်ခုအဖြစ် ထူထောင်ရန် ဖြစ်ပါသည်။
ဦးတည်ချက်
- စီးပွားရေးသီအိုရီများကို လက်တွေ့အခြေအနေနှင့် ဆက်စပ်နိုင်၍ ကိုယ်ပိုင်တွေးခေါ် စဉ်းစားနိုင်သည့် ကျောင်းသား/ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန် ဖြစ်ပါသည်။
ဘောဂဗေဒဌာန၏ ရာထူးအဆင့်အလိုက်အင်အားစာရင်း
| စဉ် | ရာထူး | ဝန်ထမ်းဦးရေ | မှတ်ချက် | |||
| ဖွဲ့စည်းပုံ | လက်ရှိ | ပို | လို | |||
| ၁ | ပါမောက္ခ | ၂ | ၁ | – | ၁ | |
| ၂ | တွဲဖက်ပါမောက္ခ | ၄ | ၃ | – | ၁ | |
| ၃ | ကထိက | ၁၂ | ၁ | – | ၁၁ | |
| ၄ | လက်ထောက်ကထိက | ၁၉ | ၁ | – | ၁၈ | |
| ၅ | နည်းပြ | ၇ | ၁ | – | ၆ | |
| ၆ | အကြီးတန်းစာရေး | ၁ | ၁ | – | – | |
| ၇ | အငယ်တန်းစာရေး | ၁ | – | – | ၁ | |
| ၈ | ဒု-လ/ထ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး | ၁ | – | – | ၁ | |
| ၉ | ရုံးအကူ | ၁ | – | – | ၁ | |
| စုစုပေါင်း | ၄၈ | ၈ | – | ၄၀ | ||
ပညာသင်နှစ်အလိုက် သင်ကြားသော ဘာသာရပ်များ
| Year | First Semester | Second Semester |
| 1st Year | – | Principles of Economics |
| 2nd Year | Microeconomic AnalysisMoney, Banking and FinanceEconomic and Social Statistics | Macroeconomic AnalysisIntroduction to Regional Development |
| 3rd Year | Economic DevelopmentRegional Development EconomicsPrinciples of Econometrics | International TradeUrbanization and DevelopmentPublic Finance |
| 4th Year | Agricultural EconomicsInternational EconomicsRegional Economic IntegrationDevelopment Experiences of Myanmar | Rural DevelopmentDevelopment Policy and PlanningNatural Resource Economics & Environmental ManagementProject Analysis |
| PGDRD | MicroeconomicsUrban EconomicsCommunity Development | MacroeconomicsRegional Development and PlanningWelfare Economics |
| MRD 1st Year | Advanced MicroeconomicsDevelopment EconomicsAdvanced Human Resource Development | Advanced MacroeconomicsEnvironmental and Natural Resource ManagementInfrastructure Development |
| MRD 2nd Year | Cost-Benefit Analysis & Project EvaluationEconometricsNatural Resource Economics | Thesis Writing |
ဘွဲ့ရကျောင်းသား/ကျောင်းသူအရေအတွက်( အထူးပြုဘာသာရပ်များသာ)
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များ၏ Regional Development Major ဘွဲ့ရကျောင်းသား/ကျောင်းသူ အရေအတွက်ကို ဇယား(၃)တွင် ဖော်ပြထားပါသည်။
| ပညာသင်နှစ် | ဘွဲ့အမျိုးအစားများ | ဘွဲ့ရကျောင်းသား/ ကျောင်းသူဦးရေ |
| ၂၀၁၇-၂၀၁၈ | B.BSc (RD) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) | ၅၅ |
| ၂၀၁၈-၂၀၁၉ | B.BSc (RD) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) | ၁၄၀ |
| ၂၀၁၉-၂၀၂၀ | B.BSc (RD) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) | ၁၃ |